Quantcast
Channel: ဖူးနုသစ်
Viewing all articles
Browse latest Browse all 29

လာရောက် လည်ပတ်သူ အများဆုံး မြန်မာ ဘလော့ခ် ၅၀ (၂၀၁၂ ဇန်နဝါရီ)

$
0
0
Alexa ကုမ္ပဏီက ထုတ်ပြန်တဲ့ လာရောက်လည်ပတ်သူ အဆင့်သတ်မှတ်ချက် အရ ထိပ်ဆုံး မြန်မာ ဘလော့ ၅၀ ကို ShweDarling.com ကနေ စာရင်းပြုစု ခဲ့ဖူးပါတယ်။ အဲဒီ စာရင်းကို နောက်ဆုံးလုပ်ခဲ့တာ ၃ နှစ်ကျော် ကြာခဲ့ပြီး နောက်ထပ် ထပ်ပြီး မလုပ်တော့တာကို သတိထားမိပါတယ်။ စာရင်းထဲမှာ ပါခဲ့တဲ့ တစ်ချို့ ဘလော့ဂါတွေ ဘလော့ခ် မရေးတာ အတော်ကြာပြီ ဖြစ်သလို တချို့လည်း ဘလော့ခ်တောင်မှ မရှိတော့ပါဘူး။ ဒီ ၃ နှစ်အတွင်း ဘလော့ဂါ အသစ်တွေလည်း အများကြီး ထပ်တိုးလာပါတယ်။ အဲဒါကြောင့် ကျွန်တော်လည်း အလွန် အားအားယားယား ရှိတာနဲ့ မြန်မာ ဘလော့ခ် ၃၀၀ ကျော်ကို Alexa Ranking ရှာကြည့်မိပါတယ်။ အခုလက်ရှိ Alexa Ranking အရ လာရောက် လည်ပတ်သူ အများဆုံး မြန်မာ ဘလော့ခ် ၅၀ ကတော့ အောက်က ဇယားမှာ ပါတဲ့ အတိုင်းပါပဲ။


စဉ်ဘလော့ခ်အမည်လိပ်စာAlexa Ranking
Myanmar Celebritywww.myanmarcelebrity.com159332
ဒေါက်တာလွမ်းဆွေdrlunswe.blogspot.com161009
ဧရာဝတီဘလော့ခ်www.irrawaddyblog.com189776
Burmese Heartwww.burmesehearts.com276306
မောင်သန့်www.mgthant.me363044
နောင်မွန်းwww.naungmoon.com516491
ShweDarlingwww.shwedarling.com519972
သစ်ထူးလွင်www.thithtoolwin.com527539
We Fight We Winkomoethee.blogspot.com592669
၁၀ခင်ဦးမေkhinoomay77.blogspot.com880255
၁၁စေတန်ဂေါ့ဒ်www.saturngod.net914395
၁၂ကိုပီတာရဲ့ အတွေးပုံရိပ်များblog.kopeter.com931842
၁၃အောင်ထွဋ်blog-aunghtut.blogspot.com1030850
၁၄ဟန်းဂုရွာburmainfokorea.blogspot.com1166663
၁၅Mayvelouswww.mayvelous.com1185631
၁၆ချော(အစိမ်းရောင်လွင်ပြင်)www.missgreenlady.com1284180
၁၇နိုင်းနိုင်းစနေwww.99sanay.com1398529
၁၈Burma Strange Newswww.burmastrangenews.com1471597
၁၉အောင်ဝင်းဟိန်းaungwinheinn.blogspot.com1568099
၂၀ထူးတေဇာwww.htootayzar.com1587152
၂၁ဒီကိုလာwww.degolar.info1609373
၂၂တီတီဆွိauntysweet.blogspot.com1636033
၂၃အပြုံးပန်းapyonepan.blogspot.com1891006
၂၄ဒေါက်တာကိုကိုကြီးdrkokogyi.wordpress.com2050913
၂၅My Freedomwww.candykhine.com2081280
၂၆Qu Te Kitchenantianti21.blogspot.com2210961
၂၇သက်ဝေthet-wai-blog.blogspot.com2211522
၂၈ပျူနိုင်ငံpyustate.com2218942
၂၉မြသွေးနီwww.myathwayni.com2222390
၃၀Myanmar Man's Diarywww.bamarlay.com2237161
၃၁မေတ္တာပန်းတို့လန်းရာမြေwww.anantametta.org2273000
၃၂Tun Tun Photographywww.royal-myanmar.com2545412
၃၃Public Health in Myanmarhealth.ngoinmyanmar.org2631355
၃၄ချမ်းရဲchanye-chanye.blogspot.com2813993
၃၅Jasmine Chowww.sabaecho.com2875513
၃၆San Oo Aungsanooaung.wordpress.com3092391
၃၇အမှတ်တရလေးများwarwarkhaingmin.blogspot.com3103728
၃၈ရဲလွင်ဦးwww.yelwinoo.com3134948
၃၉တောင်သာသားwww.taungthartar.co.cc3138644
၄၀ဖူးနုသစ်www.phoonuthit.com3183412
၄၁ညီလင်းသစ်nyilinnthit.blogspot.com3196592
၄၂အိမ်ချမ်းမြေ့www.ainchannmyay.com3282351
၄၃Baby Tasterbabytaster.blogspot.com3323130
၄၄ခင်မောင်စိုးkhinmaungsoe11.blogspot.com3434186
၄၅မေငြိမ်းmaynyane.blogspot.com3579580
၄၆မိုးငွေ့coralnyo.blogspot.com3611045
၄၇ကောင်းကင်ကိုkaungkinko.blogspot.com3616952
၄၈BlueSkyForestblueskyforest.blogspot.com3691512
၄၉မီးပြတိုက်www.mee-pya-tite.com3731608
၅၀လွန်းထားထားwww.lunhtarhtar.info3765884

ဒီစာရင်းအတိုင်း အမြဲတမ်း အစဉ်လိုက်ပဲတော့ မဟုတ်ပါဘူး။ Alexa Ranking က အမြဲတမ်း ပြောင်းနေတတ် ပါတယ်။ ၃-၄ လ အတွင်းမှာ ၁၀ သန်းကျော်လောက် ခုန်တက် သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီစာရင်းက ဇန်နဝါရီလ ၉ ရက်နေ့မှာ ကျွန်တော် နောက်ဆုံး ရှာထားခဲ့တဲ့ စာရင်းပါ။

ကျွန်တော် ရှာထားခဲ့သမျှ ဘလော့ခ်စာရင်း အပြည့်အစုံကိုတော့ ဒီလင့်ခ်မှာ ကြည့်လို့ ရပါတယ်။ ကျွန်တော် ရှာခဲ့တာ ဘလော့ခ် ၃၀၀ ကျော်ပေမယ့် စာရင်းထဲမှာ ဘလော့ခ် ၂၀၀ ကျော်ပဲ ရှိပါတယ်။ ကျန်တဲ့ ၁၀၀ ကျော်က Alexa မှာ ဒေတာ မရှိတာမို့ စာရင်းထဲ မထည့်ဘဲ ချန်ထားခဲ့ပါတယ်။ Alexa က ၁ ကနေ သန်း ၃၀ အထိပဲ စာရင်းထားတာမို့ အဆင့် သန်း၃၀ ကျော်သွားရင် စာရင်းထဲမှာ မရှိတော့ပါဘူး။ နောက်ပြီး သူ့ရဲ့ Ranking က ၃ လ အတွင်း အဆင့်သတ်မှတ်ထားတာမို့ ၃လအတွင်း လည်ပတ်သူနည်းရင် အဆင့်က အောက်ရောက် သွားတတ်ပါတယ်။ ကျွန်တော့် မိတ်ဆွေ ဒီစာရင်းထဲမှာ ပါတဲ့ ဘလော့ဂါ တစ်ယောက် ကတော့ ဒီစာရင်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်သည် ဖြစ်စေ မဖြစ်နိုင်သည် ဖြစ်စေ ကျွန်တော့် အနေနဲ့တော့ ရှာလို့ ရတဲ့ ဒေတာအတိုင်း ဝေမျှ ပေးလိုက်ပါတယ်။ အလည်အပတ် အများဆုံး ဘလော့ခ်တွေထဲက နံပါတ် ၁ ထက် နှစ်ဆမက Ranking မြင့်တဲ့ ဘလော့ခ်တစ်ခု အပါအဝင် အပြာရောင် လွှမ်းနေတဲ့ ဘလော့ခ် အချို့နဲ့ အစွန်းရောက် ဘလော့ခ် အချို့ကိုတော့ စာရင်းထဲ မထည့်ပဲ ချန်ထားခဲ့ပါတယ်။ Alexa က သူ့ရဲ့ Ranking ကို ဘယ်လို တွက်သလဲ ဆိုတာကိုတော့ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ Excel ဖိုင် အပါအဝင် စာရင်းတွေကို သုံးချင်တာရှိရင် လွတ်လွတ်လပ်လပ် ယူသုံးနိုင်ပါတယ်။

Viewing all articles
Browse latest Browse all 29

Trending Articles